International News

ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် မစ္စတာဆုန်ကစ်အနေဖြင့် ယခုနှစ်အတွင်း ကုန်သွယ်ရေးဆိုင်ရာ ကိစ္စအတွက် အိန္ဒိယသို့သွားရောက်ရန်ကတိပြု

Last Updated:

         ဒုတိယဝန်ကြီးချုပ် မစ္စတာဆုန်ကစ်သည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးအတွက် အိန္ဒိယသို့ ယခုနှစ်အတွင်း သွားရောက်ရန်စီစဉ်ထားပါသည်။ ကြာသာ ပတေးနေ့ (၂၃.၁.၂၀၂၀ရက်နေ့) က ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး SuchitraDurai နှင့် တွေ့ဆုံခဲ့စဉ်တွင် Mr. Somkid က နှစ်နိုင်ငံအကြားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မြဲစေရန် ယခုနှစ်နှောင်းပိုင်းတွင် အိန္ဒိယသို့ သွားရောက်မည် ဖြစ်ကြောင်းပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

       မစ်ရှင်အတွက်အစီအစဉ်အတိအကျကိုမူသတ်မှတ်ထားခြင်းမရှိသေးပါ။ ထိုင်းနှင့်အိန္ဒိယ နှစ်နိုင်ငံလုံးသည် အထူးသဖြင့် စီးပွားရေးမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု ကိုမြင့်မားစွာ တိုးမြှင့်နိုင်သည့် အလားအလာများရှိသည်ဟု မစ္စတာဆုန်ကစ်က ပြောကြားခဲ့ပါသည်။ ၎င်းက အိန္ဒိယ၏ အရှေ့မျှော်မူဝါဒနှင့် ကိုက်ညီစေရန်အတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် ကွန်ယက် တစ်ခုတည်ဆောက်ချိတ်ဆက်‌ဆောင်ရွက်ရန် အိန္ဒိယသို့ တိုက်တွန်းအားပေးခဲ့ပါသည်။

  မစ္စတာဆုန်ကစ်ကအိန္ဒိယကိုထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အထူးသဖြင့် မော်တော်ကားအင်ဂျင်နီယာ၊ ဒီဂျစ်တယ် နည်းပညာ၊ စမတ်နည်းပညာကဲ့သို့သောအလားအလာမြင့်မားစွာရှိနေသောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် တိုက်တွန်းအားပေးခဲ့ပါသည်။

      ထိုင်းနှင့်အိန္ဒိယတို့အနေဖြင့် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုမှာ ၂၀၁၈ခုနှစ်တွင် အမေရိ ကန်ဒေါ်လာ (၁၂.၅)ဘီလီယံရှိခဲ့ပြီးယခင်နှစ်ကထက် (၂၀.၅%)တိုးတက်ခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ ပို့ကုန်မှာ (၇.၆၂) ဘီလီယံအထိရှိခဲ့ပြီး (၁၇.၈%)တိုးတက်ခဲ့ကာသွင်းကုန်မှာ (၂၄.၉%) တိုးတက် ခဲ့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ (၄.၈၆) ဘီလီယံအထိမြင့်တက်ခဲ့ပါသည်။

 ၂၀၁၉ခုနှစ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အိန္ဒိယသို့ ပို့ကုန်တင်ပို့မှုအား ၂၀၁၈ ခုနှစ်တွင် တင်ပို့ခဲ့သော တန်ဖိုး အမေရိကန်ဒေါ်လာ(၇.၆၂)  ဘီလီယံထက် (၁၇.၈%)တိုးတက်လာစေရန် ရည်ရွယ်ထားပါသည်။ ၂၀၁၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ သူများမှ စီမံကိန်း (၁၂) ခု အတွက် ရင်းနှီးမြှုပ်နှံမှု လျှောက်ထားမှုများမှာ ဘတ်ငွေ (၁၉၄) သန်းတန်ဖိုးရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ပထမ (၉) လတွင် စီမံကိန်း (၂၀) ခု အတွက် လျှောက်ထားမှု စုစုပေါင်းတန်ဖိုးမှာ ဘတ်ငွေ(၇၇၈)သန်းရှိပါသည်။

          အစိုးရအိမ်တော်မှ ထုတ်ပြန်သောအစီရင်ခံစာတစ်ခုအရ     လျှင်မြန်စွာတိုးတက်နေသော အိန္ဒိယဈေးကွက်သည် အခြေခံအဆောက်အဉီ၊ ခရီးသွားလုပ်ငန်း၊ လက်လီကဏ္ဍများတွင် အခွင့် အလမ်းများ ကျယ်ပြန့်စွာရရှိခြင်းကြောင့် ထိုင်းရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်နိုင်ဆဲဖြစ်ပါသည်။

    အိန္ဒိယအနေဖြင့် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများတင်ပို့မှုအတွက် စိတ်ဝင်စားစရာဈေးကွက် ဆက်လက်ရှိနေပါသည်။ ထိုင်းကုန် ပစ္စည်းများအနေဖြင့် ၂၀၁၀ခုနှစ် ဇန်နဝါရီလ(၁) ရက်နေ့မှ စတင်၍ Asean-India FTA ၏ ကုန်ပစ္စည်းများ အခွန်လျှော့ချမှု အရအကျိုးအမြတ်များရရှိခဲ့ ပါသည်။

          ၂၀၀၄ ခုနှစ် စက်တင်ဘာလမှစတင်၍ အဆိုပြုထားခဲ့သောအိန္ဒိယ-ထိုင်းလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် India- Thai FTA အရထုတ်ကုန်(၈၃)ခုမှာ Early Harvest Scheme အစီအစဉ်အရနှစ်နိုင်ငံကုန်သွယ်မှုအပေါ် ကြီးမားသောတိုးတက်မှုကိုရရှိခဲ့ပါသည်။

          အိန္ဒိယနိုင်ငံသို့ ထိုင်းနိုင်ငံမှ အဓိကတင်ပို့သောကုန်ပစ္စည်းများမှာမော်တော်ကား၊ အစိတ် အပိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ အလိုအလျှောက် ကိန်းဂဏန်းအချက်အလက်တွက်စက်များ၊ ကျောက်မျက်ရတနာများ၊ ရော်ဘာထုတ်ကုန်များ၊ Polymers of  Ethylene and Propylene၊  အီလက်ထရောနစ် ဆားကစ်များ၊ စက်ပစ္စည်းနှင့် အစိတ်အပိုင်းများ၊ ဓါတုဗေဒပစ္စည်းများ၊ သန့်စင်ပြီးလောင်စာများ၊ ရာဘာ၊ သံမဏိစတီးပစ္စည်းများနှင့်၎င်းတို့၏ ထုတ်ကုန်များ၊ ဆန် တို့ဖြစ်ပါသည်။

             ထိုင်းနိုင်ငံသို့အိန္ဒိယနိုင်ငံမှ တင်သွင်းသောအဓိကကုန်ပစ္စည်းများမှာရေနံစိမ်း၊ စက် ပစ္စည်းနှင့် အစိတ်အပိုင်းများ၊ ဓါတုဗေဒပစ္စည်းများ၊ ကျောက်မျက်ရတနာများ (ရွှေချောင်းနှင့် ငွေချောင်းများအပါအဝင်)၊ သံနှင့်သံမဏိ၊ စတီးနှင့်၎င်းတို့၏ထုတ်ကုန်ပစ္စည်းများ၊ မော်တော်ကား နှင့်အစိတ်အပိုင်းများ၊ ဆက်စပ်ပစ္စည်းများ၊ အီလက်ထရောနစ်ဆားကစ် များတို့ဖြစ်ပါသည်။

 

 

Source: Bangk Post                                                               

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Category: International News